တရုတ်နိုင်ငံ၊ ရှန်ဇန်းတွင် မြေပြိုမှု ဖြစ်ပွားပြီး လူ ၉၀ ကျော် ပျောက်ဆုံးနေ

တရုတ်နိုင်ငံ၊ ရှန်ဇန်းမြို့တွင် မြေပြိုမှု ဖြစ်ပွားပြီး ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးဝန်ထမ်း ရာနှင့်ချီ ဖြန့်ကျက် ရှာဖွေနေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၀ က ရှန်ဇန်းရှိ စက်မှုဥယျာဉ် တစ်ခုတွင် မြေပြိုမှု ဖြစ်ပွားရာ အဆောက်အအုံ ၃၃ ခုမျှ ထိခိုက် ပျက်စီးပြီး လူပေါင်း ၉၁ ဦးထက်မနည်း ပျောက်ဆုံးနေခဲ့သည်။ ကယ်ဆယ်ရေးများသည် အသေးစား ဒဏ်ရာများ ရရှိထားပြီး အပျက်အစီးများအောက် ပိတ်မိနေသူ ၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်သည်။
မြေပြိုမှု ဖြစ်ပွားပြီးနောက် စက်မှုဥယျာဉ်ရှိ လူပေါင်း ၉၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။ ရှန်ဇန်းသည် တရုတ်၏ အကြီးဆုံး စက်မှုလုပ်ငန်း ထွန်းကားရာ မြို့တစ်မြို့ ဖြစ်သည်။
မြေပြိုမှုသည် ဧရိယာ ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့ပြီး စတုရန်းမီတာ ၃၈၀၀၀၀ ကျော်မျှ အပျက်အစီး ရွှံ့နွံများ ဖုံးလွှမ်းသွားပြီး ရွှံ့နွံသည် ၁၀ မီတာထုမျှ မြင့်မားကြောင်း ရှန်ဇန်း အရေးပေါ် အခြေအနေ စီမံကွပ်ကဲရေး ဌာနကကြေညာခဲ့သည်။

အစိုးရပိုင် Xinhua သတင်းအေဂျင်စီက မြေပြိုမှုကြောင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်ခုလည်းပေါက်ကွဲ
ခဲ့ပြီးမီတာ ၄၀၀ စာမျှ ပျက်စီးသွားသည့် ပိုက်လိုင်းကို ယခုအခါ စတင်ပြင်ဆင်နေပြီဟု ဖော်ပြခဲ့သည်။
ဆောက်လုပ်ရေး လုပ်ငန်းများမှ ထွက်ပေါ်လာသည့် စွန့်ပစ်မြေစာများနှင့် အခြားသော အမှိုက်သရိုက်များ ထုထည်ကြီးမားစွာ စုပုံထားရာမှ ဟန်ချက်ပျက်ယွင်း ပြိုကျပြီး မြေပြိုမှု အစပြုခဲ့ခြင်းဟု ဒေသခံ မီဒီယာများက စုံစမ်းမှု လက်တွေ့လုပ်ဆောင် နေသူများ၏ အဆိုကို ကိုးကားပြီး ဖော်ပြခဲ့သည်။

မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသည့် ဗီဒီယို အချို့ကို မီဒီယာများက ရယူနိုင်ခဲ့ပြီး ထုတ်လွှင့် ဖော်ပြရာ၌ အနီရောင် မြေသားများ လျင်မြန်စွာ ပြိုဆင်းလာပြီး အဆောက်အအုံများကို ဝါးမြို ဖုံးလွှမ်းသွားသည်ကို
 တွေ့ရသည်။

ရှန်ဇန်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကထိ ဟောင်ကောင်နှင့် နယ်ခြားတွင် တည်ရှိသည့် တိတ်ဆိတ်
သော တံငါရွာလေး အဆင့်မျှသာ ရှိခဲ့သော်လည်း ထိုစဉ်က တရုတ်ခေါင်းဆောင် ဒန်ရှီပင်၏ အမြင်ထက်သန် မှုကြောင့် နိုင်ငံ၏ ပထမဆုံးနှင့် ယခုတိုင် အအောင်မြင်ဆုံး အထူးစီးပွားရေးဇုန်အဖြစ် ပြောင်းလဲ
လာနိုင်ခဲ့သည်။

7 Day Daily
Share on Google Plus

About Royal Moon

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.