ရွှေတိဂုံစေတီတော်တွင် မောင်းသူမဲ့လေယာဉ်ငယ်နှင့် ဒရုန်းလွှတ်တင်ခွင့် ပိတ်ပင်

ရွှေတိဂုံစေတီတော်နှင့် စေတီတော်အနီးဝန်းကျင်ကို ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသောမြင်ကွင်း (ဓာတ်ပုံ − Stanislav Sedov and Dmitry Moiseenko/AirPano)

 ရွှေတိဂုံစေတီတော်ပေါ် နှင့် ၀တ္တကမြေအတွင်း မောင်းသူ မဲ့လေယာဉ်ငယ်နှင့် ဒရုန်းများ (Drones နှင့် UAV) ကို စေတီတော်လုံခြုံရေးအရ လွှတ်တင်မောင်းနှင်ခွင့် မပြုတော့ကြောင်းသတင်းရရှိသည်။
စေတီတော် လုံခြုံရေး ကြောင့် အဆိုပါယာဉ်များ မောင်းနှင်လွှတ်တင်ခွင့်မပြုကြောင်းကို ယနေ့(ဒီဇင်ဘာ ၂၂ ရက်)ကစ၍သတိပေးတားမြစ်ချက် ထုတ်ပြန်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့မှ ဦးထွန်းအောင်ငွေက ပြောသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုအန္တရာယ်အပေါ် စိုး ရိမ်ရသောကြောင့် တားမြစ်ခြင်း ဖြစ်ပြီး ဒဂုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ ဒေသန္တရခွင့် ပြုမိန့်ဖြင့် သတိပေးတားမြစ်ခြင်း ဖြစ်ကြောင်း ဦးထွန်းအောင်ငွေက ဆိုသည်။
‘‘တချို့ကတော့ လေယာဉ် ကင်မရာနဲ့ အမြင့်ကနေ ရိုက်တဲ့ အခါမှာ ဓာတ်ပုံတွေက ပိုလှ တယ်။ ဒီလိုရည်ရွယ်ချက်နဲ့ ရိုက် တဲ့ သူတွေရှိပေမယ့် ရွှေတိဂုံစေ တီတော်ကြီးက အကြမ်းဖက် တိုက်ခိုက်ချင် သူတွေ လည်း မပါ လာဘူးလို့ မဆိုနိုင်ဘူး။ အဲဒီအတွက် ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်ပင် ပြီး အခုလိုသတိပေးတားမြစ်ရ ခြင်းဖြစ်ပါတယ်’’ဟု ဦးထွန်း အောင်ငွေက ပြောသည်။

စေတီတော် လုံခြုံရေးအ တွက် နိုင်ငံခြားကုမ္ပဏီတစ်ခုက ရွှေတိဂုံစေတီတော်တွင် လုံခြုံရေး ပစ္စည်းတပ်ဆင်ရန် ဒီဇင်ဘာ ၌ လာရောက်ကမ်းလှမ်းမှု ရှိသော်လည်း ကုန်ကျစရိတ်များ ပြားလွန်း၍ တပ်ဆင်နိုင်ရန် မဖြစ်နိုင်သေးကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အခုလိုတားမြစ်ချက်ထုတ် လိုက်တာတော့ ဘာမှ မပြောလိုပါ ဘူး။ ဒီလိုလေယာဉ်ငယ်တွေနဲ့ တိုက်ခိုက်ရေးလုပ်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ ပေါက်ကွဲစေတတ် တဲ့ ပစ္စည်းတင်နိုင်လောက်တဲ့ (Drones) ပိုင်ဆိုင်တဲ့ သူကလည်း မြန်မာပြည်မှာ သိပ်မရှိပါဘူး။ ဒီ လိုပစ္စည်းနဲ့မှ အကြမ်းဖက်မှုတွေ လုပ်လို့ရတာ မဟုတ်ပါဘူး’’ဟု ဒရုန်းဝါသနာရှင်တစ်ဦးက ပြော သည်။နိုင်ငံတကာတွင်လည်း ဒရုန်းမပျံသန်းရနေရာအချို့ သတ်မှတ် ထားပြီး ပျံသန်းသူများကိုလည်း တရားဝင်လိုင်စင်ထုတ်ပေးကာ ပျံသန်းခွင့်ပြုနေသောကြောင့်
 မြန်မာနိုင်ငံတွင်လည်း အဆိုပါ စနစ် ပြုလုပ်သင့်သည်ဟု ၎င်းက ပြောသည်။

သတိပေးတားမြစ်ချက် ဆိုင်းဘုတ်များကို ရွှေတိဂုံစေတီတော် မုခ်ဦး လေးဖက်အပြင် ယာဉ်ရပ် နားကွင်းများ တွင် ပါ ဆိုင်းဘုတ် များ တပ်ဆင်၍တားမြစ်မည်ဖြစ် ကြောင်း သိရပြီး မောင်းသူမဲ့ လေယာဉ်ဖြင့် ဓာတ်ပုံရိုက် ခဲ့သူ တရုတ်နိုင်ငံသားတစ်ဦး၊ အမေရိကန် နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦး၏ လေယာဉ်ငယ်များ ကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

7Day Daily
Share on Google Plus

About Royal Moon

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.