အားလုံးသိတဲ့အတိုင်း စမတ်ဖုန်းဆိုတာ လက်ထဲမှာ ရှိနေတော့ ကောင်းတာပေါ့။
ဒါပေမယ့် မှားယွင်းတဲ့ လက်တစ်စုံထဲ စမတ်ဖုန်းတစ်လုံး ရောက်သွားရင်တော့
အဆင်မပြေတော့ဘူးလေ။
သင့်ကလေးတွေက သူတို့ကို
စမတ်ဖုန်းတစ်လုံးလောက် ၀ယ်ပေးဖို့ တောင်းဆိုလာရင် ဒီလို တောင်းဆိုခံရတဲ့
မိဘတွေ အများကြီးလို့ သဘောပေါက်လိုက်ပါ။ အသက် ၁၀နှစ်ကနေ
၁၄နှစ်အရွယ်ရောက်လာတဲ့သူ ၆၄ရာခိုင်နှုန်းဟာ ဒီအရွယ်ဆိုရင်
လက်ကိုင်ဖုန်းတစ်လုံးလောက် သူတို့လက်ထဲမှာရှိသင့်ပြီလို့ ယုံကြည်ကြ ကြောင်း
American Express က ဖော်ပြထားတဲ့ လေ့လာချက်တစ်ခုအရ သိရပါတယ်။ အသက်
၁၀နှစ်အောက် ဖုန်းပေးကိုင် သင့်တယ်လို့ ထင်တဲ့သူကတော့ ၁၀ရာခိုင်နှုန်းသာ
ရှိပါတယ်တဲ့။
ဒီတော့ ကလေးကို
ဖုန်းပေးကိုင်တော့မယ်ဆိုရင် သင့်မသိစိတ်ကိုလည်း အားကိုးပြီး
တွေးကြည့်လိုက်ပါ။ ဒါ့အပြင် သင့်အနေနဲ့ နောက်ထပ်တွေးရမှာက
သင်ဘယ်အရွယ်တုန်းက ဖုန်းစကိုင်သလဲဆိုတာကိုပါ။ အရေးကြီးတာက
သင့်ဆုံးဖြတ်ချက်နဲ့ သင် သက်တောင့်သက်သာရှိနေဖို့ပါပဲ။ သင့်မသိစိတ်က
တစ်မျိုးကြီးဖြစ်နေမယ်၊ သင့်ကလေးဟာ ဖုန်းကိုင်ဖို့ သိပ်ငယ်လွန်းတယ်လို့
ထင်ရင် ဒီအချက်တွေကိုလည်း ထည့်စဉ်းစားပါဦး။
၁။ ဆရာဝန်တွေရဲ့ အမှာစကားတွေ
ကလေးတွေဟာ
ခုချိန်မှာ ဖျော်ဖြေရေးမီဒီယာတွေအတွက် တစ်နေ့ကို ၇နာရီလောက်
အချိန်ဖြုန်းနေကြပါတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ဒီတော့ ဒီအရာတွေကို
ထိန်းချုပ်ကန့်သတ်ဖို့က မိဘတွေရဲ့ တာဝန်ဆိုတာ မမေ့ပါနဲ့။
၂။သူတို့အတွက် privacy setting တွေကို သေချာလုပ်ပေးထားနိုင်၊ မထားနိုင်
ကလေးတွေ
အင်တာနက်သုံးတဲ့အခါ ဒီအချက်ဟာ တော်တော်လေး အရေးကြီးသွားပါပြီ။ အနည်းဆုံး
သူတင်လိုက်တဲ့ ဓာတ်ပုံ၊ သူပေါင်းနေတဲ့ သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေ၊ tag
တွေကတစ်ဆင့် သူဘယ်မှာရှိနေမလဲဆိုတာကိုတော့ ခြေရာခံနိုင်ပါလိမ့်မယ်။
၃။သူတို့ အသုံးပြုတဲ့ Apps တွေကလည်း သူတို့အတွက် အန္တရာယ်
ကလေးတွေရဲ့ အကြိုက်ဆုံး apps တွေဟာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားစေဖို့ အန္တရာယ်တစ်ခု ဆိုတာ မမေ့ပါနဲ့။
၎။စွဲလန်းခြင်းတွေက စောစောစီးစီး စတင်
ကလေးတွေ
ဖုန်းကနေ YouTube တွေကြည့်မယ်၊ ဂိမ်းတွေဆော့မယ်၊ apps တွေ သုံးပြီး
စိတ်ချမ်းသာမှု ရှိနေတယ်လို့ သင်ထင်ပါလိမ့်မယ်။ အမှန်တော့ သူတို့ဒါတွေ
စောစောစီးစီး စွဲလန်းစိတ်ဖြစ်တာ မကောင်းပါဘူး။ ဒီစိတ်ဟာ နောက်ကျလေ
ကောင်းလေဆိုတာ အထူးပြောဖို့တောင် မလိုပါဘူး။
၅။ကလေးတွေဟာ သူတို့ ဒါလုပ်လိုက်လို့ ဘာတွေဖြစ်လာမယ်ဆိုတာ သိပ်နားမလည်ကြပါဘူး။
ဖုန်းထဲကနေ
ကြူမယ်၊ ပေါက်ကရ ဆိုက်တွေ ကြည့်မယ်၊ အနိုင်ကျင့်တဲ့အလုပ်တွေ လုပ်ချင်လာမယ်
စတာတွေက တစ်ခါလုပ်ပြီးသွားရင် နောက်တစ်ခါ ထပ်လုပ်ချင်တာတွေချည်းပါ။
လွယ်လွယ်ကူကူ ရပ်မသွားနိုင်ပါဘူး။ ဒါ့အပြင် chatting ထိုင်တာကလည်း
အရွယ်ရောက်ပြီးသား လူတွေတောင် သူတို့ chat ထားတဲ့ အရာတွေကို
သေချာမမှတ်မိနိုင်မှတော့ ကလေးတွေဆို ပိုဆိုးတော့မှာပေါ့။ ဒီအချက်တွေကို
မဖြစ်မနေ ထည့်စဉ်းစားသင့်ပါတယ်။
Trend Myanmar
Trend Myanmar

