စာသင်ခန်းထဲမှာပရောဂျက်တာမဖြုတ်မိပဲ ပေါက်ကရတွေဝင်ကြည့်တဲ့ကျောင်းဆရာ


ကွန်ပျုတာနဲ့ ဆက်သွယ်ထားတဲ့ ပရိုဂျက်တာ ပလက်ကို မဖြုတ်မိဘဲ အမျိုးသမီးပုံများ ၀င်ရောက်ကြည့်ရှုမိ သည့်တက္ကသိုလ်ဆရာတစ်ယောက်ရဲ့ အဖြစ်အပျက်ဟာလည်း လူတွေ ပြောစရာ ဖြစ်ခဲ့ပါတယ်။ အဆိုပါ ဆရာဟာသင်္ချာဘာသာရပ် သင်ကြားပြသနေတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။
Mirror သတင်းစာကတော့ သင်္ချာကျောင်းသားတွေအတွက် မျှော်လင့်မထားတဲ့ ဇီဝဗေဒသင်ခန်းစာတွေကို
သင်ကြားခွင့်ရခဲ့တဲ့ အခိုက်အတန့်လို့ လှောင်ပြောင်ထားပါတယ်။ ကနဦးတုန်းကတော့ အဲဒီဆရာဟာ သူ့ရဲ့သင်ကြားစာတွေကို ပရိုဂျက်တာနဲ့ ထိုးပြီး ပြသနေစဉ်မှာ ကျောင်းသားတွေဟာ တိတ်ဆိတ်စွာ သင်ယူနေကြပါတယ်။

ဒါပေမယ့် သင်္ခန်းစာပိုင်း ခဏနားတဲ့အချိန်မှာ အဲဒီဆရာဟာ ပရိုဂျက်တာနဲ့ဆက်သွယ်ထားတဲ့ ပလက်ကို မဖြုတ်မိဘဲ အ၀တ်အစားတစ်ဝက်တစ်ပြတ်နဲ့ အမျိုးသမီးတွေရဲ့ ပုံတွေကို ၀င်ရောက်ကြည့်ရှု့နေခဲ့ တာကြောင့် ပရိုဂျက်တာပေါ်မှာတော့ တစ်ဝက်တစ်ပြတ်အ၀တ်အစား အမျိုးသမီးပုံတွေကိုမိနစ်ပိုင်းလောက် အထိ ကျောင်းသားတွေအနေနဲ့ ရှင်းရှင်းလင်းလင်းကို မြင်နေခဲ့ရပါတယ်။

အဆိုပါ ဆရာကြောင့် ကမ္ဘာကျော် web engine တစ်ခုဖြစ်တဲ့ eBay မှာ Alge-bra ဆိုတဲ့ စကားလုံး တစ်လုံး ပေါ်လာခဲ့ပြီး alge ဆိုတာကတော့ အက္ခရာသင်္ချာ Algebraic ကို ရည်ညွှန်းပြီး bra ဆိုတာကတော့ မပေါ့်တပေါအ၀တ်အစားလေးတွေနဲ့ ၀တ်စားထားတဲ့ မိန်းမပျိုလေးတွေကို ရည်ညွှန်းတယ်လို့ သိရပါ တယ်။ အဆိုပါ ဆရာရဲ့လုပ်ရပ်ကြောင့် ကျောင်းသားတွေကြားမှာ အံ့သြမှုတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပါ တယ်။

SHWE MOM
Share on Google Plus

About Royal Moon

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.